ခင်ဦး စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့မဈေးနှင့် ယာယီပျံကျဈေး အတွင်း ဝင်ထွက်သွားလာကြသည့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာ ဆောင်ရွက်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မာမာအောင်နှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လှည့်လည်ကြေညာ အသိပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဈေးသည်၊ ဈေးဝယ်များအား အပူချိန်တိုင်းတာခြင်း၊ ဈေးအတွင်းဝင်ရောက် သူတိုင်း နှာခေါင်းစည်း စနစ်တကျ မဖြစ်မနေတပ်ဆင်ပြီးမှ ဝင်ရောက်ကြရန်၊ နှာခေါင်းစည်းများကို အသုံးပြုပြီး ပါက စနစ်တကျထုပ်ပိုးပြီး စွန့်ပစ်ကြရန် လိုက်လံနှိုးဆော်ပေးခဲ့ပြီး ဈေးအတွင်း နှာခေါင်းစည်း မတပ်ဆင်သူများကို ဒဏ်ငွေများ ရိုက်ခဲ့ကြောင်း အမှုဆောင်အရာရှိ ဒေါ်မာမာအောင် ၏ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)