သနပ်ပင် ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းပနားကို ယမန်နေ့ (၃)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ရေကျော်ကျေးရွာအသင်းနှင့် ထောင်မင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရေကျော်အသင်းက ပထမရရှိခဲ့ပြီး ထောင်မင်းအသင်းမှ ဒုတိယဆုနှင့် အပိုင်အသင်းတို့မှ တတိယဆုများ အသီးသီးရရှိခဲ့သည်။ ဆက်လက်၍ ပထမဆုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်ကလည်းကောင်း၊ ဒုတိယဆုအား အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မိုးလွင်ကလည်ကောင်း၊ တတိယဆုအား အဖွဲ့ဝင်(၂)ဦးသိန်းမြင့်အေးတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားမားဆုကို ရေကျော်အသင်းမှ ကျောနံပါတ်(၇၇)ကိုလည်ကောင်း၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုအား ထောင်မင်းအသင်းမှ ကျောနံပတ်(၇)ကိုလည်ကောင်း၊ အနောက်တန်းအကောင်းဆုံးအားကစားသမားစုကို ထောင်မင်းအသင်းမှ ကျောနံပါတ်(၇)ကလည်ကောင်း၊ အလယ်တန်းအကောင်းဆုံးအားကစားသမားဆုကို ရေကျော်အသင်းမှ ကျောနံပါတ်(၇) တို့အား မြို့နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘောလုံးဝါသနာရှင်များ စုစုပေါင်းအင်းအား( ၆၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)