ဓနုဖြူမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေသန့်စင်စနစ်လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၁၃   

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန်းတော်ကုန်း ကျေးရွာအုပ်စု၊ မြင်းစုကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်သော ရေသန့်စင်စနစ် လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က ကျင်းပသည်။

ရှေးဦးစွာ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင်()ဗိုလ်မှူး ဟိန်းထက်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဝင်း နှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မြစ်ရေကို Solar Pump ဖြင့် အသုံးပြု၍ Life Straw Max ဖြင့် ရေသန့်စင်စနစ်ဆောင်ရွက်သည့် လုပ်ငန်းများ၊ ရေစက်ရုံနှင့် ရေသန့်သိုလှောင်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၂၆.)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကျေးရွာရှိ အိမ်ထောင်စု ၁၃၈ စု၊ လူဦးရေ ၆၂၉ ဦးတို့သည် ဧရာဝတီမြစ်ရေမှ တစ်ဆင့် ကျန်းမာသန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေး သုံးစွဲနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)