ငွေဆောင်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ကျင်းပလျက်ရှိသည့် သဲသောင်ပြင် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ငွေဆောင် ဖေဖော်ဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မန်နေ့ နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငွေဆောင်ရုံးခွဲနယ်မြေ၊ ကမ်းခြေခရီးသွား လုပ်ငန်းမြှင့်တင်ရေး တွက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသော သဲသောင်ပြင်အားကစားလှုပ်ရှားမှု၊ အသင်း သင်း ဝင်ရောက်ယှဉ်ပြိုင် သည့် ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် အသင်း သင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား HotelACE ရှေ့သဲသောင်ပြင်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ငွေဆောင်မြို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဟိုတယ်ဇုံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ ဖူဆယ်ဘောလုံးဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ဟိုတယ်ဇုံ(၁) ဘောလုံးအသင်းနှင့် ဟိုတယ်ဇုံ (၂)အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး သာမန်ပွဲချိန်နှင့် အချိန်ပို အထိ (၂)ဂိုးစီ သရေကျနေကာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဟိုတယ်ဇုံ(၁) အသင်းမှ ပထမရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အစီအစဉ် (၈)ရပ်ဖြင့် ကျင်းပခဲ့ပြီး ရှေးဦးစွာ အခမ်းအနား ဖွင့်လှစ်ကြောင်း  ကြေညာခဲ့ပြီး ဆုရရှိသည့် အသင်းများအား ကွင်းထဲတွင် နေရာ ယူခိုင်းခဲ့သည်။ ဆုချီးမြှင့် ရာတွင် သဲသောင်ပြင် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဟိုတယ်ဇုံ(၁) အသင်းအား ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးအောင်မှ ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဒုတိယ၊ တတိယရရှိသည့် အသင်းများ၊ ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူး ရဲအုပ် မျိုးဇေမြင့်၊ ငွေဆောင်ဟိုတယ်ဇုန် ကမ်းခြေလုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်အောင်လင်း၊ ဒုတိယဥက္ကဋ္ဌ ဦးညီညီအောင်၊ အတွင်းရေးမှူး ဦးသန့်ဇင်တို့မှ အသီးသီးဂုဏ်ပြုဆုဖလားများနှင့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ငွေဆောင် ကမ်းခြေတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အနေဖြင့်လည်းကောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သော သဲသောင်ပြင်ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာခဲ့သည်ဟု သတင်းရရှိသည်။

R -O14( ငွေဆောင်)