ကြံခင်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ မြတ်တော်ဝင်ဘော်ဒါဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းကို မြိုနယ်ဦးစီးမှုးဦးကိုကိုနိုင်က ဘော်ဒါဆောင်နေ ကျောင်းသား/ သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြု မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မြတ်တော်ဝင်ဘော်ဒါဆောင် နေကျောင်းသား/ သူများကိုမီးဘေးလုံခြုံရေး ဇာတ်တိုက် သရုပ်ပြရာ ဆီမီး(DCP) မီးသတ်ဆေးဗူးဖြင့် မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့်အရေးပေါ်မီးငြှိမ်းသတ်ပုံများကို သရုပ်ပြလေ့ကျင့်ပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက် လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)