ဆိပ်ဖြူမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဇာတ်တိုက်လေ့ကျင့်

ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်က မြို့နယ်မီးသတ်စခန်း၌ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းကို မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများအတွက် လူတို့၏ပေါ့ဆမှုကြောင့် ဖြစ်ပေါ်တတ်သည့်ဘေးအန္တရာယ်များနှင့်  သဘာ၀ဘေးကြောင့်ဖြစ်ပေါ် လာတတ်သည့် ဘေးအန္တရာယ်များကို လူအသင့်၊ စက်အသင့်၊ ယာဉ်အသင့်၊ ဆီအသင့်တို့ဖြင့် စွမ်းရည်ပြည့်၀ ကျန်းမာကြံ့ခိုင်သောတပ်ဖွဲ့ဝင် ကောင်းများအဖြစ် တုံ့ပြန်ကူညီ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်ရခြင်းဖြစ်သည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးအေးမင်းမောင်ကကြီးကြပ်၍ ဒုတိယဦးစီးမှူး ဦးအောင်ဘိုဝင်းနှင့် မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်တို့ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်အသုံးပြု မီးငြှိမ်းသတ်ခြင်းလေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး စက်ပစ္စည်းအသုံးပြုခြင်း ဆိုင်ရာလေ့ကျင့်ခန်းများကို ဆောင်ရွက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)