ပေါက်ခေါင်း စက်တင်ဘာ ၂၈
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာလ (၂၇) ရက် နံနက်(၈)နာရီကပေါက်ခေါင်းမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့ ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်၊၊
ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်များနှင့် ပေါင်းမြက်များကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက် ခဲ့ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ဒုရဲမှူး တင်ဌေးနိုင်တို့ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၃၀)ဦးတို့ ပါဝင်ဆောင်ရွက်ကြသည်၊၊ အောက်တိုဘာလ (၁)ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်၊၊
သန်းထွန်းအောင်(ပြန်/ဆက်)