ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အ ရေးများဆိုင်ရာ ကော်မတီမှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြို ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန် က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ပူပေါင်းဖောက်ပြိုင်ပွဲ၊ ခွက်ဆင့်သယ်ပြိုင်ပွဲ၊ခေါင်းအုံးရွက်ပြိုင်ပွဲ၊ ပင်ပေါင်ဘော် လုံးဇွန်းကိုက်ပြိုင်ပွဲ၊ ခွက်ဆင့်စီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကိုကျင်းပရာ မြို့နယ်အတွင်းရှိ မြင့်မိုရ်ပုဂ္ဂလိကမူလတန်းကြိုကျောင်း ၊ ရင်နှစ်သည်းခြားကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ အောက်လိပ်ကျေးရွာမိခင်ဝိုင်း၊အုန်းတောကမ်းကျေးရွာမိခင်ဝိုင်း တို့မှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများက ကြည့်ရှုအား ပေးခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြိုင်ပွဲများအလိုက်ပထမ၊ဒုတိယ၊ တတိယ ဆုရရှိကြသည့် ကျောင်းသားကျာင်းသူများကို မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။ ပါဝင်ယှဉ်ပြိုင်ကြ သည့် မူလတန်းကြိုကျောင်းများမှ ကျောင်းသားကျောင်းသူများအား လူမှုရေးအသင်းအဖွဲ့များမှ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)