ပင်လည်ဘူး စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ဆန္ဒမဲပုံး (၉၈၇) ပုံးရောက် ရှိပြီဖြစ်ကာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ခွဲဝေ ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပင်လည်ဘူးမြို့နယ်၌ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင့်မည့် ပါတီပေါင်း(၆)ခု၊ မဲဆန္ဒရှင် ပေါင်း (၈၃၆၆၀)ဦးရှိပြီး မဲရုံပေါင်း(၁၂၈)ရုံလျာထား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မဲရုံမှူးနှင့် အဖွဲ့ဝင်ပေါင်း (၁၉၉၂) ဦးကိုလည်း ဖွဲ့စည်းတာဝန်ချထားပြီးဖြစ်ကြောင်းသိရသည်။
မျိုးလွင်(ပင်လည်ဘူး)