မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်ပန်းချီချစ်မြတ်နိုးသူများအဖွဲ့တို့ပူပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့်အလွတ်တန်း ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့မွန်လွဲ (၂)နာရီအချိန်က မြို့နယ်ရုံးပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ၌ကျင်းပသည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့နယ်ပန်းချီချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ ဆရာဦးမြင့်ငွေမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်ပန်းချီဆရာဦးဇော်ဝင်းမှ ပန်းချီပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးကာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) မူလတန်းအဆင့်အလွတ်တန်းပန်းချီပြိုင်ပွဲတွင် ထူးချွန်ဆုများရရှိခဲ့သော တတိယတန်း၊ စတုတ္ထတန်း (ရေးဆေး/ ဖယောင်း) ပန်းချီထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးအား အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပန်းချီချစ်မြတ်နိုးသူများအဖွဲ့မှ တာဝန်ရှိသူများ၊ အလှူရှင်များက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)