ဇလွန် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်သည့် Cash For Work စီမံကိန်း (၁၂) ရွာနှင့် (VRFP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (၂) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝများ ထိခိုက်ခဲ့ရသည့် ကျေးလက်နေပြည်သူများကို နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်လုပ်ငန်းစီမံချက်အရ ဆောင်ရွက်ပြီးဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသေးစား စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု (၁၃၄) စုအား ငွေကျပ်သန်း (၅၀.၀) ထုတ်ချေး ပေးနိုင်ခဲ့ပြီး အတိုးနှုန်းအနေဖြင့် စီမံကိန်းစတင်ဆောင်ရွက်သည့် ပထမနှစ်တွင်ငွေကျပ် (၁၀၀) အတွက် အတိုးနှုန်း တစ်လလျှင် ပြား(၅၀) နှုန်း သတ်မှတ်ပြီး တိုးပွားလာသော ငွေများအား ကျေးရွာပိုင်ငွေအဖြစ် ထားရှိ၍ ချေးငွေပိုမိုထုတ်ချေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်း၏ ပြောကြားချက်အရ သိရသည်။
ဝေယံ(ဇလွန်)