ခန္တီး စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ မှန်ပင်ကျေးရွာနှင့် ပင်လုံကျေးရွာတွင် (၆၀'၊ ၃၀'၊ ၁၂') RC(၂) ထပ်ဘုန်းတော်ကြီး ကျောင်းဆောက်လုပ်ရန်အတွက် တစ်ကျောင်းလျှင် သိန်း(၁၇၀)နှုန်းဖြင့် ကျောင်း(၂)ကျောင်းအတွက် သိန်း(၃၄၀)ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော် နှင့် ခရိုင်သာသနာရေးဦးစီးမှူး ဦးအောင်စံသူတို့က စက်တင်ဘာလ (၂၅)ရက်နေ့တွင် မှန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးသီရိ ထံသို့ လည်းကောင်း၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် ပင်လုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာ ထံသို့ လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းထောက်ပံ့ငွေများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဘာသာရေးနှင့် သာသနာရေးအတွက် လှူဒါန်း ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သီဟ(ခန္တီး)