ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်

သံတောင်ကြီး  ဖေဖော်ဝါရီ  ၁၃

ကရင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့မှ သံတောင်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့် ဆီထောက်ပံ့ပေးအပ်ခြင်းကို  ယမန် နေ့နံနက်(၉)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်ကဌာနဆိုင်ရာဝန်ထမ်းများအားဆန်၊ ဆီထောက်ပံ့ပေးအပ်လှူဒါန်းခြင်း ရည်ရွယ်ချက်များပြောကြားပြီး ကရင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့မှာ ထောက်ပံ့ပေးသည့်ဆန်နှင့်ဆီကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေးအပ်ရာဌာနဆိုင်ရာဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဝန်ထမ်းတစ်ဦးလျှင်ဆန်(၆)ပြည်နှင့်ဆီ(၅၀)သားထောက်ပံ့ပေးခြင်းဖြစ်ပြီးသံတောင်ကြီးမြို့နယ်ဝန်ထမ်းစုစုပေါင်(၁၄၇၄)ဦး အတွက်ဆန်(၂၄)ပြည်အိတ် (၃၆၈)အိတ် (၁၂)ပြည်နှင့် ဆီ(၇၃၇)ပိဿာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ