ဘားအံ ဖေဖော်ဝါရီ ၁၃
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့ဥပစာ မြက်ခင်းပြင်၌ကျင်းပခဲ့သည်။
ဦးစွာ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြပြီး အလံစောင့်တပ်ဖွဲ့နှင့် အလံတင်တပ်ဖွဲ့တို့က နိုင်ငံတော်အလံကို တိုင်ထိပ်သို့လွှင့်တင်ကာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီခန့်တွင် ၂၀၂၃ ခုနှစ် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧနှင့် တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ် အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ စုံလင်စွာတက်ရောက်ခဲ့ကြပြီး ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသောအာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ် အဆင့်၊ ဒီဂရီကောလိပ်အဆင့်နှင့် အခြေခံ ပညာအဆင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တက်ရောက်လာသူများသည် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုဌာနဆိုင်ရာပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ် စားစီးပွားရေးဆိုင်ရာ စက်မှုလက်မှုထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ စကောရွက်၊ အပြေးပြိုင်ပွဲ အစရှိသော အားကစားပျော်ပွဲရွှင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)