မိုဝိုင်းလွတ် စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား စေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီမှ ည ၆ နာရီအထိ လူအဝင်အထွက်များအား စစ်ဆေးရေးဂိတ်၌ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါမဖြစ်ဖွားစေရန် အဓိကအချက်အခြာကျသည့် ရေကြောင်း ကုန်း ကြောင်း ဆုံသည့် ပေ ၂၆၀ တံတားထိပ်တွင် ဂိတ်ထားရှိပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက် လူငယ်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာခြင်း၊ မတ်(စ်)များတပ်ခြင်း၊ လက်များအား ပိုးသတ်ဆေးပက်ဖျန်း ပေးခြင်းနှင့် အဝင်အထွက်နှင့် ကိုယ်ရေးအချက် အလက်များ ရယူက မှတ်တမ်းထားရှိ လျက်ရှိကြောင်း သိရသည်။
ပီယမ်း