ကျောက်ထု စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ရှိ နံနက်ပျံကျစျေးတွင် စျေးရောင်းချသူများနှင့် စျေးဝယ်ယူသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း လိုက်နာရမည့် ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အညီ ဝယ်ယူရောင်းချခြင်းရှိ၊ မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၆)နာရီ အချိန်တွင် ပျံကျစျေးတည်ရှိ ရာ ကားကြီးကွင်းနှင့် ပျံကျစျေး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် စျေးရောင်းချသူများက အနည်းဆုံးတစ်ဦးနှင့်တစ်ဦး (၆)ပေခွာ ရောင်းချခြင်းရှိ၊ မရှိ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ Mask တပ်ဆင်လာမှု ရှိ၊ မရှိ၊ စားသောက် ဆိုင်များ ဆိုင်ထိုင်ရောင်းချမှု ရှိ၊ မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြပြီး လိုက်နာဆောင်ရွက်မှုမရှိသည့်ပုဂ္ဂိုလ်များအား
သဘာဝဘေး အန္တရာယ်ကြိုတင် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၅)အရ အရေးယူဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရှိရသည်။
ပျံကျစျေးအတွင်း စစ်ဆေးမှုများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် ၊ ကျောက်ထုမြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး၊ ကျောက်ထုမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်ကိုကိုအောင်တို့ ဦးဆောင်၍ကျောက်ထုမြို့ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် တားဆီးရေးနှင့် အရေးပေါ်ကုသရေး ကော်မတီအဖွဲ့ဝင်များက လိုက်လံ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အေးလင်း (ပြန်/ဆက်)