မြောင်းမြ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများမှ စုပေါင်းဆောင်ရွက်ထားသော တောင်ကလေးကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါလမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုး ဦးသင်းဦးနှင့် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးတို့က အဖွင့်အမှာစကားပြောကြားပြီး တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာသူ/သားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည် ၊ အဖွဲ့ဝင် (၂) ဦးအောင်တင်ထွန်းနှင့် ခရိုင်ကျေးလက်ဦးစီးမှူး ဦးသင်းဦး၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးနေလင်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ကျေးရွာကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
အဆိုပါလမ်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ငွေ ကျပ် (၁၀) သန်း နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် (၃) သန်း စုစုပေါင်း (၁၃) သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ လမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)