ရေကြည် ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရေကြည်မြို့ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးကအဖွင့် အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ကလေးများနေ့ အကြိုဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်းနှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုများအကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက်ရေကြည်မြို့ မူလတန်းကြိုကျောင်းမှသားငယ်၊ သမီးငယ်လေးများက ကဗျာရွတ်ဆိုပြိုင်ပွဲများ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပပေးခဲ့ပြီး သားငယ်၊ သမီးငယ်လေးများ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)