ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့် (MSMEs)ဒေသ ထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၁

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဲခူးမြို့၌၊ သစ်သီးဝလံပန်းမန်ပြပွဲ/ ပြိုင်ပွဲနှင့် (MSMEs) ဒေသထုတ်ကုန် ဈေးရောင်းပွဲတော်ကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓော စေတီ အနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့်  (MSMEs) ဒေသထုတ်ကုန် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနား၌ ကပြဖျော်ဖြေပေးသည့် ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့်  တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ခရိုင်(၆)ခုမှ ထွက်ရှိသည့် သစ်သီးဝလံ ပန်းမန်ပြခန်းများ၊ မြို့နယ်အလိုက် ထွက်ရှိသည့် လူသုံးကုန်၊ စားသုံးကုန်၊ အသေးစား စက်မှု/လက်မှုထုတ်ကုန် အရောင်းပြခန်းများ၊ ပညာရေးဆိုင်ရာ သင်ကြားမှုပြခန်း၊ သတင်း ပြန်ကြားရေးနှင့် Mobile Library (ရွှေ့လျားစာကြည့်တိုက်)ပြခန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးပြခန်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ပြခန်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံ ပန်းမန်ပြခန်း(၆)ခန်း၊ MSMEs ဒေသထုတ်ကုန်ပြခန်း  (၃၆) ခန်း၌ ဒေသထွက်ကုန်မျိုးစုံ (၃၀၀) ကျော်၊ ဌာနဆိုင်ရာ အသိပညာပေးပြခန်း(၇)ခန်းတို့အား ခင်းကျင်းပြသထားလျက်ရှိပြီး ညပိုင်းတွင် ဖျော်ဖြေရေးများ၊ အပျော်စီးသင်္ဘောများ၊ ဈေးဝယ်သူများဖြင့် စည်းကားလျက်ရှိပြီး ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)