ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်နှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) (၄) နှစ်ပြည့်စာပေပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်နှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) (၄)နှစ်ပြည့်စာပေပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာမကြီးဒေါ်ခင်ယုနိုင် စာရေးဆရာမအေပရယ်ယုနိုင် (ရွှေတောင်) က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) လစဉ်ပုံမှန်လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ ကဗျာအရေးပြိုင်ပွဲ၊ ဝတ္ထုတိုအရေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)