ဘားအံမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲပြုလုပ်

ဘားအံ ဖေဖော်ဝါရီ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁:၀၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာဦးငွေသန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ထူးခြားသည့်အချက်များ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဦးတည်ချက်များ၊ စည်းလုံးညီညွှတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နေ့ထူးနေ့မြတ်များအကြောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများ၊ စာပေဗဟုသုတရရှိစေမည့် အကြောင်းအရာများကို Onlineမှတစ်ဆင့် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)