ရွှေသောင်ယံမြို့၊    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်  လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး Talk Show ပြုလုပ်

ရွှေသောင်ယံ ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ယမန်နေ့ညနေ(၃)နာရီက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး TalkShowကို  ပြုလုပ်ဆောင်ရွက်ရာ  မြို့လျှပ်စစ်မှူးဦးကျော်မျိုးဦးမှလျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်ကာပြောကြားခဲ့သည်။

ထိုသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးပြောကြားရာတွင် လျှပ်စစ်ပစ္စည်းများကိုင်တွယ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည့်ဖြင့် ပြည်သူများလျှပ်စစ်သုံးစွဲရာ၌ အန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များကို Talk Show အစီအစဉ်တွင်အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါTalk Show အစီအစဉ်ကို ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ရွှေသောင်ယံမြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့လျှပ်စစ် မှူးဦးကျော်မျိုးဦးတို့မှ  ဦးဆောင်ဆွေးနွေးကာ အသိပညာပေးပြောကြားခဲ့သည်။

ရွှေသောင်ယံ (ပြန်/ဆက်)