ကြံခင်း ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြည်သူများ ပြည်ထောင်စုနေ့သမိုင်းကြောင်းအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက် တတ်စေရန်ရည်ရွယ်ပြီး ပြည်ထောင်စု နေ့အကြောင်းသိကောင်းစရာ အသိပညာပေး Talk Showအစီအစဉ်ကို ယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိဒေါ်ခင်မိုး မြင့်က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည် ထောင်စုနေ့(အကြို ) Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်နှင်းချယ်ရီဖြိုး (ကဗျာဆရာမ ပန်းချယ်ရီ)က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ၂၀၂၃ ခုနှစ် ၊(၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် စစ်မှန်သောမျိုးချစ်စိတ်ထားနှင့် ပတ်သက်သောအကြောင်းအရာများကိုအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre)ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး Talk Showအစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)