စစ်ကိုင်းမြို့တွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြို ဒေသထွက်ဟင်းသီး/ ဟင်းရွက်နှင့် သစ်သီးဝလံပြပွဲကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသထွက် ဟင်းသီး/ ဟင်းရွက်နှင့်သစ်သီဝလံပြပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါရုံးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သီးနှံပြပွဲတွင် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက ပြပွဲကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားရာ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ စားသုံးသူ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြေဩဇာများအသုံးပြုရာတွင် သဘာဝမြေဟဇာသုံးစွဲခြင်းဖြင့် သီးနှံများအထွက်တိုးမယ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမယ် ဒါကြောင့် ယခုလိုပြပွဲများ ပြသပေးခြင်းဖြင့် ကျေးလက်နေ တောင်သူတွေရော၊ စိုက်ပျိုးရေးဝန်ထမ်းတွေရော အသိပညာများရရှိပြီး လက်တွေ့စိုက်ပျိုးသွားနိုင်မှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

သီနှံပြပွဲတွင် စစ်ကိုင်းမြို့နယ် အတွင်းရှိ တောင်သူများက မိမိတို့ဒေသထွက် စိုက်ပျိုးထားသည့် သီနှံများကို လာရောက်ပြသပေးခဲ့ကြပြီး သီးနှံပြပွဲသို့ စစ်ကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာတောင်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ ဆက်)