၂၀၂၃ခုနှစ်၊(၇၆)ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပျိုးပင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား မုံရွာမြို့၌ ကျင်းပ

မုံရွာ  ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး‌ရေးဦးစီးဌာနမှ ကြီးမှူးပြီး မုံရွာမြို့နယ်အတွင်းရှိ တောင်သူများအတွက် မိမိတို့စိုက်ပျိုးထားသော ဟင်းသီး ဟင်းရွက်၊သစ်သီးဝလံနှင့် ပျိုးပင်များစျေးကွက်တွင် အရည်အသွေးမှီ ရောင်ချနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊(၇၆)ပြည်ထောင်စု နေ့အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့် ပျိုးပင်ပြိုင်ပွဲနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ တိုင်းခရိုင်မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်းများနှင့် အမှုထမ်းများ၊တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး‌ရေးဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ၂၀၂၃ခုနှစ်၊ (၇၆)ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပျိုးပင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး နောက်ပြိုင်ပွဲများအလိုက် အမှတ်ပေးအကဲဖြတ်စည်းမျဥ်းစည်းကမ်းများအား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူလွင်က ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးဝင်းလှိုင်ဦး နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း ခင်ကျင်းပြသထားသည့် ၂၀၂၃ခုနှစ်၊(၇၆)ပြည်ထောင်စုနေ့ အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့် ပျိုးပင်ပြိုင်ပွဲအား ကြည့်ရှုအားပေးပြီးနောက် အဆိုပါပြိုင်ပွဲများဖြစ်မြောက်အောင်ဆောင်ရွက်ပေးကြသော မုံရွာ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်ဦးစီးမှူးနှင့် တိုင်းမြေမျိုးပိုး တာဝန်ခံတို့ထံ ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးခြင်းနှင့် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူဝန်ထမ်းများနှင့် တောင်သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ခုနှစ်၊(၇၆)ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့် ပျိုးပင်ပြိုင်ပွဲတွင် မုံရွာမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု (၅၄)အုပ်စု၊ ရပ်ကွက်နှင့်ကျေးရွာ(၁၇၁)ခုမှတောင်သူ (၁၂၆)ဦးက ဟင်းသီးဟင်းရွက်ပြိုင်ပွဲတွင် (၂၅) မျိုး၊ သစ်သီးဝလံပြိုင်ပွဲတွင် (၂၅)မျိုး၊ပျိုးပင်ပြိုင်ပွဲတွင် (၂၁)မျိုးတို့ ပြသပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)