ဟင်္သာတ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် ထားသော ဟင်္သာတမြို့နယ်၊ မဒေါ့တလုတ်ကုန်း ကျေးရွာအုပ်စု၊ တာနားစု(ပြည်တော်သာ) ကျေးရွာကွန်ကရစ်လမ်း Wheel Track လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန် က အဆိုပါလမ်း ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင် (၁)ဒုတိယ ဗိုလ်မှူးကြီး နေလင်းအောင်၊ အဖွဲ့ဝင်(၂) ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းနှင့် ခရိုင်ကျေးလက်ဦးစီးမှူး ဦးအောင်သက်ရှည်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ တာဝန်ရှိသူများက ကျေးရွာကွန်ကရစ်လမ်း Wheel Track လမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ လမ်းကိုစီမံကိန်းထောက်ပံ့ငွေ ၁၀.၀၀ ကျပ်သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂.၀ ကျပ်သန်းဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော ဟင်္သာတမြို့နယ်၊ မဒေါ့တလုတ်ကုန်း ကျေးရွာ အုပ်စု၊ တာနားစု ပြည်တော်သာ ကျေးရွာကွန်ကရစ်လမ်း Wheel Track လမ်းဖြစ်ပြီး အခမ်း အနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် (ဟင်္သာတ)