လက်ပံတန်း ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အ.ထ.က ဖိုးခေါင်စုနှင့် အ.လ.က ရေကန်ကျောင်းတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းက စားသုံးသူရေးရာနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သတ်သော အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ စာသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်း စားသုံးကုန်ပစ္စည်းများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)