မြောင်းမြမြို့နယ်တွင် ဂျူဒိုအားကစားသင်တန်းဆင်းပွဲ ကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (JUDO IN SCHOOL) အစီအစဉ်အရ အ.ထ.က(၂) ရေတွင်းရေကန်နှင့် မြန်မာဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သော ဂျူဒိုအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀:၃၀)အချိန်က အ.ထ.က(၂)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အ.ထ.က(၂) ကျောင်းသား/သူများက ကရင်ရိုးရာဒုံးယိမ်း အကဖြင့် ဖျော်ဖြေခြင်း၊ (JUDO IN SCHOOL) သင်တန်းသားများမှ ဂျူဒိုအားကစားနည်း သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ ထောက်ပံ့ပေးအပ်သော ဂျူဒိုကီများအား ဥက္ကဋ္ဌ ဦးထွန်းထွန်းမှ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံ ရယူခဲ့သည်။ ထို့နောက်  ၂၀၂၁ခုနှစ်    Kodokan    Myanmar    Judo ကော်မတီမှ ကျင်းပသော ခါးစည်းအဆင့် (Show Dan)စာမေးပွဲအောင်မြင်သော မြောင်းမြမြို့နယ်မှ ဦးသီဟမြတ်ကြူအား ခါးစည်းအောင်လက်မှတ် ချီးမြှင့်ပြီးနောက် မြောင်းမြမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာထွန်းနှင့် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမြင့်အောင်တို့မှ သင်တန်းဆင်း လက်မှတ်များအား ချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ (၂၈)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား(၅၁)ဦးနှင့် သင်တန်းသူ(၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)