သဲကုန်း ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသော “လူငယ်များ၏ ရွှေရောင်မနက်ဖြန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများနှင့် တတ်ရောက်လာသူများအား မိတ်ဆက်စကားပြောကြားပေးပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှုသည့် အလေ့အထကောင်းများတိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေကိုချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် လူငယ်များနှင့်ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသော “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ပါခေါင်းစဉ်အကြောင်းအရာ (၂၀)ခုမှ ရေးသားတင်ပြမှုအကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များက ပေးစွမ်းသည့် စာပေရသများကို စာဖတ်ဝိုင်းတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့၏အမြင်ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးပြောကြား၍ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိမှ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမှုအပေါ် အသီးသီးအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)