ပိုင်ကျုံမြို့ အ-မ-ကပိုင်ကျုံမြန်မာစုကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ပိုင်ကျုံ   ဖေဖော်ဝါရီ  ၁၀

ကရင်ပြည်နယ်ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်အ-မ-ကပိုင်ကျုံမြန်မာစုကျောင်း၌  ၂၀၂၂-၂၀၂ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို  ကျောင်းသား ကျောင်းသူလေးများက ပညာပန်းခင်းသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက  အခမ်း အနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ကျောင်းသားမိဘများရပ်မိရပ်များနှင့်ဆရာ/မများအား အထူးကျေးဇူးတင်ကြောင်းနောင်နှစ်များတွင်လည်း ဒီထက်မက စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်စေချင်ပါကြောင်း အမှာစကားပြောကြားခဲ့ကြ သည်။ဆက်လက်၍ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွင်း စာပေထူးချွန်ဆုနှင့်  အားကစားထူးချွန် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူ များအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများ၊ တေးသီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ ပိုင်ကျုံမြို့မှ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်း သား/ကျောင်းသူများ၊ ကျောင်းသားမိဘများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)