ခန္တီး စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ မှန်ပင်ကျေးရွာနှင့် ပင်လုံကျေးရွာတွင် (၆၀'x၃၀'x၁၂') RC(၂)ထပ်ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် တစ်ကျောင်းလျှင် သိန်း (၁၇၀) နှုန်းဖြင့် ကျောင်း(၂) ကျောင်းအတွက် သိန်း(၃၄၀)ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးခွန်ရဲမင်းဇော် နှင့် ခရိုင်သာသနာ ရေးဦးစီးမှူး ဦးအောင်စံသူ တို့က စက်တင်ဘာလ (၂၅) ရက်နေ့တွင် မှန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးသီရိ ထံသို့ လည်းကောင်း၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် ပင်လုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာ ထံသို့လည်းကောင်း အသီးသီးဆက် ကပ်လှူ ဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းထောက်ပံ့ငွေများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဘာသာရေးနှင့် သာသနာရေးအတွက် လှူဒါန်း ထောက်ပံ့ခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။
သီဟ(ခန္တီး ပြန်/ဆက်)