ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဒိုက်ဦး  ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း က ကတုတ်ဘုရားကြီးကျေးရွာအုပ်စု၊ လက်ခုပ်ကွင်းကျေးရွာ ..က(ခွဲ)၌ ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြေးမုံရွှေ က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင် က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦး က လူငယ်နှင့် ခေါင်းဆောင်ခေါင်းစဉ်ဖြင့် အားကစား၏အဓိပ္ပါယ်၊ အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အား/ကာသိပ္ပံကျောင်းများအကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေးပုံအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသား/သူများအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Physical Fitness Dance နည်းပြများ ဆရာ/ဆရာမများ ဦးဆောင်၍ ကျောင်းသား/သူများစုပေါင်း၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)