ပန်းတောင်း ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ တောင်သူများနှင့်မဏိကမ္ဘာကုမ္ပဏီတို့မှ လုပ်ငန်းစာချုပ်ချုပ်ဆိုပွဲနှင့်သွင်းအားစုများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံက် ၁၀ နာရီ အချိန်ကစိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး၊ ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စု၊ သရက်လိန်အုပ်စု၊ ရွှေညီနောင်အုပ်စု၊ ဒေါင်းမြတ်နားအုပ်စု၊ ငါးဆယ်ပေးအုပ်စု၊ သူရဲတန်းအုပ်စု၊ ထုံးဘိုအုပ်စု(၇)အုပ်စုအား ဧက(၅၁၇.၃၈)ဧက နွေးစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ တောင်သူများနှင့်မဏိကမ္ဘာကုမ္ပဏီတို့မှ လုပ်ငန်းစာချုပ်များချုပ်ဆိုခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ ဆက်)