ကော့ကရိတ်မြို့တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ နှာခေါင်းစည်းများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်

ကော့ကရိတ် စက်တင်ဘာ ၂၈

ကော့ကရိတ်မြို့တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရှိ အိမ်များ၊ ဈေးဆိုင်များကို လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း နှင့် အသံချဲ့စက်ဖြင့် အသိပညာပေးများ ဆောင်ရွက်ခဲ့ သည်။

ထိုသို့ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းများက မြို့တွင်းသို့ လိုက်လံ၍ အသံချဲ့စက်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာ ရန် အသိပညာပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော ကိုဗစ် − ၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ဇင်မာအေး