ရေနံချောင်း ဖေဖော်ဝါရီ ၁၀
အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့၏ အနှစ်သာရကို သိရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပင်မအဆောင်အပေါ်ထပ်တွင် ကျင်းပသည်။
ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုနေ့ကပေးသောအတွေးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို“လက်ချင်းယှက်ထား သွေးချင်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲကို “ထာဝရလန်းမည့် ပြည်ထောင်စုပန်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ပန်းချီးပုံများရေဆွဲခြင်းဖြင့်လည်းကောင်း သတ်မှတ်ပေးထားသောခေါင်းစဉ်အလိုက် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာယဉ်ယဉ်အေးနှင့် တာဝန်ရှိသူဆရာ ဆရာမများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)