ရွှေတောင် ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု ထန်းကုန်းအ.ထ.က (ခွဲ) ကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး ဟောပြောပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့မစခန်းမှူး ဒုရဲမှူးသိုက်စိုးမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် သိကောင်းစရာများနှင့် မှုခင်းကျဆင်းရေးအကြောင်း၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးသက်ပိုင်ဖြိုးက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်ငြိမ်းသန့်က လူငယ်ရေးရာ အသိပညာပေး ခေါင်းစဉ်ဖြင့် ကျောင်းသား/ သူများအား ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရွှေတောင်မြို့မစခန်းမှူး ဒုရဲမှူးသိုက်စိုး၊ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်နိုင်ဝင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးသက်ပိုင်ဖြိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဆရာ/ဆရာမများ ကျောင်းသား၊ သူများ စုစုပေါင်း အင်အား (၁၆၉) ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသား / သူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ပြီး (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)