နတ်မောက် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့အဝင်/အထွက် စစ်ဆေး ဂိတ်များတွင် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)နှင့်ဆပ်ပြာခဲများကို ယမန်နေ့က လိုက်လံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးမှ နတ်မောက်မြို့နယ်တွင် လှူဒါန်း ရန်ပေးထားသည့် PPE ဝတ်စုံ၊ နှာခေါင်းစည်း (Mask) နှင့်ရွှေဝါဆပ်ပြာများကို နတ်မောက်မြို့ စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှုကူညီရေးအသင်းအဖွဲ့ဝင် ဦးဆန်းထူးမှဦးဆောင်၍ မြို့နယ်မီးသတ် တပ်ဖွဲ့ အား PPE ဝတ်စုံ(၃)စုံ၊ နှာခေါင်းစည်း (Mask) (၂)ထုပ် နှင့် ရွှေဝါဆပ်ပြာ(၅)တောင့်တို့ကို လှူဒါန်းပြီး၊ မြို့အဝင်/ အထွက်စစ်ဆေးရေးဂိတ်(၃)ဂိတ်၊ ရွာမွန်ကျေးရွာစစ်ဆေးရေးဂိတ် နှင့် ရွာတော် ကျေးရွာ စစ်ဆေးရေး ဂိတ်များတွင် တစ်ဂိတ်လျှင် နှာခေါင်းစည်း (Mask) ၂ထုပ်နှင့် ရွှေဝါ ဆပ်ပြာတောင့် ၃တောင့် စီလိုက်လံ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှဝင်း (နတ်မောက်)