ဒိုက်ဦးမြို့ (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ဒိုက်ဦး ဖေဖော်ဝါရီလ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်ကို ယမန်‌‌နေ့လယ်(၂) နာရီအချိန်က ဒိုက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ဒိုက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆွေသက်အောင် က  (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဒိုက်ဦးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ပြ (ငြိမ်း)ဆရာဦးမျိုးဝင်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ပုံများ၊ ယနေ့ခေတ် လူငယ်များ အနေဖြင့် မိမိတို့ဘိုးဘွားများ ခက်ခက်ခဲခဲအရယူထားသော ပြည် ထောင်စု နေ့ကောင်းနေ့မြတ်ကြီးကို ချစ်မြတ်နိုးပြီး အလေးထားတန်ဖိုးထားသင့်ကြောင်း၊ ဤနေ့ထူးနေ့မြတ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စု၏ အနှစ်သာရဖြစ်သည့် လွတ်လပ်ရေးနှင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံခွန်အားများကို အားလုံး၏ ရင်ထဲ၊ နှလုံးသားထဲတွင် ကိန်းအောင်းရှင်သန်နိုင်ကြစေလိုကြောင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် Talk Show အစီ အစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)