မြောင်းမြမြို့ အ.ထ.က ၇ ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်း ကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၇) ၊ အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြမြို့နယ်၊ အထက(၇) ကျောင်းအုပ်ဆရာမကြီး ဒေါ်‌ခင်မာရီက အဖွင့် အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းခဲ့သည်။ 

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ခင်‌ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ Grade-11မှ မသန္တာအောင်က စည်းကမ်းနှင့် လူငယ်ကဏ္ဍ Grade-11မှ မောင်စန်းယုစံက လူငယ်နှင့် မူးယစ်‌ဆေးဝါး၊ Grade-11 မှ  မောင်ဇေတိုးနိုင်က လူငယ်နှင့် အားကစား၊ မောင်ချစ်လှိုင်စိုးက လူငယ်နှင့်မျိုးချစ်စိတ် စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က ဖြည့်စွက်ဖြေကြားခဲ့သည်။ ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင် အားကစားမှူး ဦးခင်စိုးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့‌ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန့်ဝေပြီး ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)