ကျောက်ကြီးမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ကြီး ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက အောင်သုခရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း KG ခန်းမဆောင်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများ၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်း များရရှိစေရန် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင် ပြပွဲ၊ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ယနေ့တွင် အောင်သုခရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံ့ခေါင်းဆောင်များအကြောင်း သိသင့်သိထိုက်သည့်များ ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ နံရံကပ်ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းခြင်း၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်ထုတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သုံးဘီး မော်တော်ယာဉ်ဖြင့် အသိပညာပေး စာအုပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်