စစ်ကိုင်းခရိုင်ပြန်/ဆက်ဦးစီးဌာနတွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့သိကောင်းစရာ Talk Show ကျင်းပဆောင်ရွက်

စစ်ကိုင်း ဖေဖော်ဝါရီ ၉

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့နယ် Book Club အဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) တစ်ဦးတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) တစ်ဦးက ပြည်ထောင်စုကြီးအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်း သားပြည်သူတစ်ရပ်လုံးက ဥမကွဲသိုက်မပြတ်ဖြင့် စည်းစည်းလုံးနေထိုင်သွားရေးသည် အလွန်အရေးကြီးကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်း သား/ ကျောင်းသူများ အသိပညာဗဟုသုများစွာရရှိနိုင်စေရန် Talk Show များဆောင်ရွက်ခြင်း၊ စာအုပ်/ စာစောင်များအခမဲ့ငှားရမ်းပေးခြင်း၊ ကလေးငယ်များ ဉာဏ်ရည်ထက်မြတ်စေရေးအတွက် ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အခါအားလျော်စွာ လူငယ်အသိပညာပေး စကားဝိုင်းများဆွေးနွေး ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)