မြင်းမူ ဖေဖေါ်ဝါရီလ ၉
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်တောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (talkshow) အစီအစဉ်ကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်/ဆက်ဦးစီးဌာ၊ ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ပြည်သူများအတွက် အသိပညာပေးလုပ်ငန်းများအဖြစ် ကဏ္ဍပေါင်းစုံမှကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ခေါ်ကာ လစဉ်စီစဉ်တင်ဆက်ပေးလျက်ရှိရာ ယနေ့အစီအစဉ်အဖြစ် ပြည်တောင်စုနေ့အကြောင်းအရာများနှင့်ပါတ်သက်၍ တင်ပြဆွေးနွေးပေးရန်အတွက် ဦးတင်လှ (အငြိမ်းစား) မြန်မာစာဆရာအားဖိတ်ခေါ်ရာ ဆရာကြီးမှတိုင်းရင်းသားပေါင်းစု ပေါင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသည် တိုင်ရင်းသားများ၏ စည်းလုံးညီညွတ်သွေးစည်းမှုကို အခြေခံကာ လွတ်လပ်ရေးအောင်ပန်းဆင်ခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ တိုင်းတစ်ပါးနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ကို မလိုလားသော ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် တိုင်းရင်းသားကိုယ်စားလှယ်များသည် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂) ရက်နေ့တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံး၏ မျှော်လင့်ချက်ဖြစ်သည့် မြန်မာနိုင်ငံကြီး၏ လွတ်လပ်ရေးအတွက်အခြေပြုသည့် ပင်လုံစာချုပ်ကိုလက်မှတ်ရေးကာ တိုင်ရင်းသားတို့၏ သွေးစည်းညီညွတ်မှုကို သက်သေပြနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိမှသာ တိုင်းပြည်၏လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့မည့်အကြောင်းများနှင့် ပါတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။
အောင်စိုးဖေ (မြင်းမူ)