မြိတ် ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြို ကလေငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ(၉)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်မူလတန်းကြိုကလေငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲကို မူလတန်းကြို ကလေးငယ်များက အာရှမြန်မာသီချင်းဖြင့် သရုပ်ဖော် ကပြဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မူလတန်းကြိုကလေးငယ်များက ကာယစွမ်းရည်ပြိုင်ပွဲများကို ပျော်ရွင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအဖြစ် အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ အကြီးဆင့်(ကျား) အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲနှင့် အကြီးဆင့်(မ) မုန့်ကိုက်ပြိုင်ပွဲများကို မူလတန်းကြို ကလေးငယ်များက ကာယစွမ်းရည်ပြိုင်ပွဲများကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများအား လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် အာဟာရမုန့်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )