မြောင်းမြမြို့ အ.ထ.က (၆) တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေး တို့အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်လွဲ ၁ နာရီအချိန်က အမှတ် (၆) ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြမြို့နယ်၊ အ.ထ.က (၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်‌လဲ့လဲ့ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်ူက လူငယ်စကားဝိုင်းဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်‌ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ Grade-11မှ မဂျူးဂျူးအောင်က လူငယ်နှင့်မျိုးချစ်စိတ်၊ Grade-11မှ မောင်ပိုင်ခန့်ကျော်က လူငယ်နှင့်မူးယစ်‌ဆေးဝါး၊ Grade-11 မှ မအေးပြည့်ပြည့်စိုးက လူငယ်နှင့်ယဉ်ကျေးမှု ၊ မောင်ခန့်စဟွားက လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးပွဲသို့တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသားကျောင်းသူများက ပြန်လည်ဖြေကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က ဖြည့်စွက်ဖြေကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့‌ ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများကို အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)