သာယာဝတီမြို့နယ် အ.ထ.က(ခွဲ)တပ်တွင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြော

သာယာဝတီ  ဖေဖော်ဝါရီ   ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ ဦးဆောင်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အထက(ခွဲ)တပ်တွင်း‌ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ခွဲ)တပ်တွင်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသောပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/၂၂)ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပါအကြောင်းအရာများနှင့်ပတ်သက်၍ projector ဖြင့် ပြသ၍ အသိပညာပေးဟောပြောခဲ့​သည်။

အခမ်းအနားသို့ အ.ထ.က(ခွဲ)တပ်တွင်းကျောင်းအုပ်ဆရာမကြီး‌ ဒေါ်အေးအေးမာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစု​ပေါင်း(၃၁၅)ဦးတက်ရောက်ကြပြီး လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)