လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေး

လက်ပံတန်း စက်တင်ဘာ ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လမ်းဆုံများတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇေယျ၊ မြို့မစခန်းမှူး ဒုရဲမှူး မျိုးညွန့်တို့က  ဦးဆောင်၍ တပ်ဖွဲ့ဝင်များ  စုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်သည့် အနေဖြင့်   နှာခေါင်း စည်းများကို (၁)လမ်းအဝိုင်း၊ မဟာဗျူလမ်းဆုံ၊ ကျွန်းကလေးတာဆုံတို့တွင် လမ်းသွား လမ်းလာ ပြည်သူများအား ကျန်းမာရေး နှာခေါင်းစည်းများ  တပ်ဆင်သွားလာကြစေရန်   ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး သိုက်ဝါးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဟံသာအေး လူငယ် ပရဟိတဂေဟာ အတွက် တစ်ရက်စာ အကျွေးအမွေး အလှူငွေ (၁၂၀၀၀၀)ကျပ်အား ကျောင်းထိုင်ဆရာ တော်ဥူးစန္ဒောဘာသထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး