အုတ်တွင်း ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ရွာမ ကျေးရွာတွင်း ကျောက်ရောမြေလမ်းဖွင့်ပွဲအခမ်းအနား ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်က လမ်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ လမ်းကော်မတီဉက္ကဋ္ဌ ဦးစိုးလွင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းဦးနှင့် လမ်းကော်မတီဉက္ကဋ္ဌ ဦးစိုးလွင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ရွာမကျေးရွာတွင်းလမ်းသည် နိုင်ငံတော်ထောက်ပံ့ငွေ သိန်း (၁၀၀) နှင့် ပြည်သူများ၏ လုပ်အားလှူဒါန်းမှုဖြင့် ဆောင်ရွက်သော ကျောက်ရောမြေလမ်း အမျိုးအစား ဖြစ်ပြီး လမ်းအရှည် ၃၂၅၀ ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၆ လက်မရှိကြောင်း သိရသည်။
အုတ်တွင်း(ပြန်/ဆက်)