သံတောင်ကြီး ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့တွင် ယနေ့နံနက်(၉)နာရီအချိန်က(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများ ပြည်ထောင်စုနေ့ပြုလုပ်ရခြင်း ရည်ရွည်ချက်များသိရှိစေရန် ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဘိုးလင်းပြိုင်ပွဲ ကိုပြုလုပ်ဆောင်ရွက်ပေးရာကျောင်းသူ/ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ