မြဝတီ ဖေဖော်ဝါရီ ၆
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲ၊ ဆရာ၊ မိဘ ကျောင်းသားစုံညီ မုန့်ပွဲတော်နှင့် Science & Arts Exhibition ဖွင့်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ New Bloom Learning Cantre Private School & Preschool ကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းစိုး၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော်၊ အကောက်ခွန်ဦးစီးမှူး ဦးမြင့်နိုင်ဌေး၊ မြို့နယ်ပညာရေးမှူးဦးမြင့်ဦး၊ လူမှုဝန်ထမ်းဦးစီးမှူး ဦးသီဟနိုင်၊ NBLC Private School မှ CEO ဦးမင်းမွန်ကို၊ NBLC Private School မှ MD ဒေါ်ဖြူသဇင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး NBLC CEO ဦးမင်းမွန်ကို ကအခမ်းနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး NBLC Private Schoolမှ ကျောင်းသား/ကျောင်းသူလေးများက အဆို၊အကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)