ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမှတ်(၁)အ-မ-က မူလွန်ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စကားပုံဆက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/သူလေးများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များ လက်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)